၂၀၁၂ ခုနှစ် ဗီယက်နမ်ဆန်တင်ပို့မှုပမာဏ ထိုင်းနိုင်ငံကို သာလွန်နိုင်ဟု မဲခေါင်မြစ်ဝှမ်းဒေသ ဆန်သုတေသနသိပ္ပံ ဥက္ကဌ က ပြောကြား

Thu, 08/16/2012 - 07:28 -- Anonymous (not verified)

၂၀၁၂ ခုနှစ်အတွင်း ဗီယက်နမ်စပါးအထွက်တိုးပြီး ဆန်ထုတ်လုပ်မှုပမာဏမြင့်မားခြင်းနဲ့ ပြည်ပမှ ဗီယက်နမ်ဆန်ကို ဝယ်လိုအားမြင့်မားခြင်းတို့ကြောင့် ယခုနှစ်ဗီယက်နမ်ဆန်တင်ပို့မှု မှတ်တန်းတင်ဖွယ် မြင့်မား ဦးမယ်လိ့ု ခန့်မှန်းထားတဲ့အပြင် ထိုင်းနိုင်ငံရဲ့ ဆန်တင်ပို့မှုထက် ပိုမိုတင်ပို့နိုင်ဖွယ်ရှိတယ်လို့ မဲခေါင်မြစ်ဝှမ်းဒေသ ဆန်သုတေသနသိပ္ပံ ဥက္ကဌက ပြောကြားတယ်။ ယခုလမှာလည်း ထိုင်းဆန်တင်ပို့သူတွေက ပြည်ပကို တင်ပို့ဖို့ ဗီယက်နမ်ဆန်ကို ဝယ်လိုအားရှိလာရာ ဗီယက်နမ်ပြည်တွင်းမှာ သြဂုတ်လ (၆) ရက်နေ့မှစပြီး ဗီယက်နမ် ဆန်ဖြူအ မျိုးအစားအားလုံး ဈေးနှုန်းတွေက လဆန်းပိုင်းကထက် တစ်တန်ကို ၅ ဒေါ်လာမှ ၁၀ ဒေါ်လာထိ ဈေးမြင့်လာတယ်။ ဒါ့အပြင် သြဂုတ်လ (၈) ရက်နေ့မှာလည်း ထပ်မံဈေးမြင့်လာရာ သြဂုတ်လဆန်းက တစ်တန်ကို ၃၉၅ ဒေါ်လာ ရှိခဲ့တဲ့ ဗီယက်နမ် ဆန်ဖြူ (၁၅ ရာခိုင်နှုန်းဆန်ကွဲ)  က သြဂုတ်လ (၈) ရက်နေ့မှာ တစ်တန်ကို ၄၁၅ ဒေါ်လာကို ရောက်ရှိလာတယ်။ ဗီယက်နမ် ဆန်ဖြူ (၂၅ ရာခိုင်နှုန်းဆန်ကွဲ) ကလည်း ၃၈၀ ဒေါ်လာမှ ၄၀၀ ဒေါ်လာအထိ မြင့်မားလာတယ်။
Source:    english.vietnam.vn, riceonline.com
ပပ