ဒီတစ်ပတ် နို့ဆီအဝင်လျော့ပြီး နို့မှုန့် အဝင်ပို

Thu, 02/02/2017 - 05:23 -- admin_ygn

       ဇန်နဝါရီ ၁၅ ရက်မှ ၂၁ ရက် အထိ သီတင်းပတ်အတွင်းကန်ဒေါ်လာ ၃၀၄၄၄၀ တန်ဖိုးရှိ နို့ဆီ ၂၁၈ ဒသမ၈၈ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ် မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ် ပတ် စင်ကာပူနိုင်ငံမှ ဒွန်းနို့ဆီတ စ်မျိုး သာ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်း ပတ်က  တင်သွင်းခဲ့တဲ့တန်ချိန် ၂၆၀ ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ တန် ချိန် ၅၀ ကျော်အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် နို့မှုန့်ကို အိုင်ယာလန် နိုင်ငံမှ တန်ချိန်၁၀၀၊ နယူးဇီ လန်နိုင်ငံမှ ၅၇၁ဒသမ ၃၅ တန်၊ ဖိလစ်ပိုင်နိုင်ငံမှ ၁၁ ဒသမ ၉၂၇ တန်၊ ပိုလန်နိုင်ငံမှ ၁၀၂ တန်နဲ့ စင်ကာပူနိုင်ငံမှ ၁၁ ဒသမ ၀၆၄ တန်၊စုစုပေါင်း ၇၉၆ ဒသမ ၃၄၁ တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်း ပတ်က  တင်သွင်းခဲ့တဲ့ တန်ချိန် ၃၀ ကျော်နဲ့ နှိုင်းယှဉ်ရင် တန် ချိန် ၇၆၀ ကျော်ပိုမိုတင်သွင်းနိုင်ခဲ့တယ် လို့သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ် မှာ နို့ဆီအဝင်လျော့ပြီး နို့မှုန့်အဝင်ပိုခဲ့ ပါတယ်။
       နယ်စပ်စခန်းဖြစ်တဲ့ မြဝတီကုန် သွယ်ရေးဇုန်မှ  ကန်ဒေါ်လာ ၄၅၄၁ တန်ဖိုးရှိ နို့ဆီ^နို့စိမ်း ၄ ဒသမ ၉၂ တန်၊ မြိတ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၄၂၈၆ တန်ဖိုးရှိ နို့ဆီ^နို့စိမ်း ၄ ဒသမ ၅၆ တန် တင်သွင်းခဲ့တယ်လို့ သိရ ပါတယ်။

 

သီတာဝင်း (DOT)

Border Trade News

Pages