ထိုင်းနိုင်ငံထွက်ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ထိုင်းဆန်မွှေး၊ ပီလောပီနံ၊ နှင်းသီးအခြောက်နဲ့ဆီစတဲ့ လယ်ယာထွက်ကုန် ပစ္စည်းများကို ဘတ်သန်း (၁၀၀၀) ဖိုးခန့်ဝယ်ယူရန် တရုတ်ကုမ္ပဏီယူနန်အင်ဝက်မန့်နှင့် ထိုင်းနိုင်ငံ Logical Information Network Co.,Ltd တို့အကြားနားလည်မှုစာချွန်လွှာရေးထိုးခဲ့ကြတယ် လို့သိရပါတယ်။ တရုတ် ကုမ္ပဏီဟာထိုင်းနိုင်ငံမှဝယ်ယူပြီး ယူနန်ပြည်နယ်သို့ တင်ပို့သွား မှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံ Siam Chemical Co., မာပီတိုလီယမ် ကုမ္ပဏီနဲ့ စီချွန်ဂရု ကုမ္ပဏီတို့ကလည်း တရုတ်နိုင်ငံမှာ ဘတ် သန်း (၅၀၀၀) ခန့်ရင်းနှီးမြှုပ်နှံသွားမယ်လို့သိရပါတယ်။
Source: ထိုင်းရတ်သတင်းစာ
(မြင့်ဦး၊ တာချီလိတ်)