စစ်တွေ ကုန်သွယ်ရေးစခန်းမှဆီးဖတ်၊ မန်ကျည်းဖတ်နဲ့ မန်ကျည်းစေ့ တန် ၂၀၀ ကျော်တင်ပို့

Wed, 08/10/2016 - 07:09 -- admin_ygn

     ဇူလိုင်လ နောက်ဆုံးပတ်မှာ စစ်တွေကုန်သွယ်ရေးစခန်းမှ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၀၇ သန်း တန်ဖိုး ရှိ ဆီးဖတ် ၆၅ တန်၊ အမေရိကန်ဒေါ်လာ သုညဒသမ ၀၀၂ သန်း တန်ဖိုးရှိ မန်ကျည်းဖတ် ၄၄ တန်နဲ့ အမေရိကန်ဒေါ်လာ သုညဒသမ ၀၁၀ သန်း တန်ဖိုးရှိ မန်ကျည်းစေ့ ၁၃၉ တန်ခွဲကို တင်ပို့ခဲ့ပါတယ်။  ဇူလိုင်တတိယ ပတ်ထက် ဆီးဖတ်၊ မန်ကျည်းဖတ်နဲ့ မန်ကျည်းစေ့ တန် ၁၀၀ ကျော် ပိုမိုတင် ပို့နိုင် တာ တွေ့ရပါတယ်။
    စစ်တွေကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ သုည ဒသမ ၀၄၂ သန်း တန်ဖိုးရှိ ဆီးဖတ်၊ မန်ကျည်းဖတ်နဲ့ မန်ကျည်းစေ့များ အပြင်နနွင်းတက်၊ ချင်းအစို၊ သစ်ခေါက်၊ ဆီးယိုထုပ် White Liquor ( Nan daw) နဲ့ High Class Whisky များကို တင်ပို့ခဲ့တယ်လို့ ကုန်သွယ်ရေးစခန်းမှ သိရပါတယ်။

 

ခင်မိုးသူ

Border Trade News

Pages