မြဝတီနဲ့ တာချီလိတ်မှ ကြက်သွန်နီပိုမိုတင်ပို့နိုင်ခဲ့သော်လည်း မူဆယ်မှတင်ပို့မှုလျော့

Wed, 08/10/2016 - 06:47 -- admin_ygn

      မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဇူလိုင် နောက်ဆုံးပတ်တွင် အမေရိကန်ဒေါ်လာ ၁၆၀၃၇၆ တန်ဖိုးရှိ ကြက်သွန်နီတန် ချိန် ၆၃၄ တန်နီးပါး တင်ပို့ခဲ့ပြီး၊ တစ် နေ့ကို ပျမ်းမျှကားစီးရေ ငါးစီးကျော် ဝင်ရောက်မှုရှိတယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်ထက် ၁၉၄၇ တန်လျော့ နည်းတင်ပို့ခဲ့ပါတယ်။
      အလားတူ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှလည်း အမေရိကန်ဒေါ်လာ ၂၃၃၂၉၁ တန်ဖိုးရှိ ကြက်သွန်နီ ၆၆၅ တန်ခွဲ  တင်ပို့ခဲ့ရာ ယခင်တစ်ပတ်ထက် ၂၁၇ တန်ပိုမိုတင် ပို့နိုင်ခဲ့ပါတယ်။ တာချီလိတ် ကုန်သွ ယ် ရေး စခန်းကတော့ အမေရိကန်ဒေါ်လာ ၅၀၀၀၀ တန်ဖိုးရှိ  ကြက်သွန်နီတန် ၂၀၀ နဲ့  အမေရိကန်ဒေါ်လာ  ၈၀၁၈၂ တန်ဖိုးရှိ ကြက်သွန်ဖြူတန် ၅၀ တင်ပို့ ခဲ့ရာ ယခင်တစ်ပတ်ထက် ကြက်သွန် နီ တန် ၁၀၀ပိုမိုတင်ပို့နိုင်ခဲ့ပြီး ကြက် သွန်ဖြူတင်ပို့မှုကတော့ ၉၅ တန်လျော့ နည်းသွားခဲ့တာ တွေ့ရပါတယ်။ ဇူလိုင်တစ်လလုံးမှာတော့ မူဆယ် မှ ကြက်သွန်နီတန်ချိန် ၆၁၀၀ ကျော်၊ မြဝတီမှ ၁၈၀၅ တန်ကျော်နဲ့ တာချီလိတ် ကုန်သွယ်ရေးစခန်းကတော့ ကြက် သွန်နီ တန် ၅၀၀နဲ့ ကြက်သွန်ဖြူ ၄၁၅ တန်တင်ပို့နိုင်ခဲ့တယ်လို့  သိရပါ တယ်။

 

မော်မော်အောင်

Border Trade News

Pages