ပြည်တွင်းကုန်သွယ်မှု
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ကြပြီး ကွမ်းများကိုလည်း ယာကွက်များတွင်လည်းကောင်း၊ နေအိမ်ခြံဝင်းများတွင်လည်းကောင်း စိုက်ပျိုး ကြကြောင်း သိရသည်။
ကန့်ဘလူခရိုင်အတွင်း ဖြစ်ပေါ်နေသော ကွမ်းဈေးနှုန်းများ အနေဖြင့် အရည်အသွေးအပေါ် မူတည်၍...
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်သော ဒေသတစ်ခုဖြစ်ရာ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော ထန်းကုန်း ကျေးရွာ၊ မိုးကောင်းကျေးရွာ၊ ကံရိုးကျေးရွာနှင့် အခြားကျေးရွာများတွင် ပဲတီစိမ်းကို စိုက်ပျိုးကြ ကြောင်း၊ ယခုအခါ...
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်မြို့နယ်နှင့် ဗန်းမော်မြို့နယ်များတွင် ဥယျာဉ်ခြံ များနှင့် အိမ်ခြံဝင်းများ၌ လိုင်ချီးသီး (ဒေသအခေါ် တရုတ်ဇီးသီး/ လေချူသီး) များကို စီးပွားဖြစ်သော် လည်းကောင်း၊ တစ်နိုင်တစ်ပိုင်အနေဖြင့်သော်လည်းကောင်း စိုက်ပျိုးလျက်ရှိရာ မေလမှစတင်၍ လိုင်ချီးသီးများ...
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း အပိုဝင်ငွေရရှိရန် အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးခွဲ၍ စိုက် ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာ စိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ...
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကထားလုပ် ကိုင်လျက်ရှိပြီး ဆိပ်ဖြူမြို့ ရွာသစ်အနောက်ပိုင်းရပ်ကွက်ရှိ တောင်သူများသည် ကိုင်းကျွန်းမြေနှင့် ရိတ်သိမ်းပြီးသည့် ကုလားပဲစိုက်ခင်းများ(ကုလားပဲခင်းကျွတ်)တွင် နွေနှမ်း(ဂျပန်နှမ်းဖြူ)မျိုးကို သီး ထပ်သီးနှံအဖြစ်...
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ရှိ ကျောက်ဖူး၊ တောမ၊ ကံတောင်ကျေးရွာများမှ တောင်သူများ အနေဖြင့် မိသားစုအပိုဝင်ငွေအဖြစ် စားဖိုဆောင်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ဈေးကွက်အတွင်း ဈေးကောင်းရလျက်ရှိသည့် ခရမ်းချဉ်သီးကိုပိုမိုစိုက်ပျိုးလာကြကြောင်းသိရသည်။
ခရမ်းချဉ်သီးကို...
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊မကွေးမြို့နယ်၊ မကြီးကန် ကျေးရွာအုပ်စုရှိ ပုထိုးစမ်း ကျေးရွာသည် နှမ်း၊ မြေပဲ၊ ကုလားပဲ၊ ပဲတီစိမ်း၊ မတ်ပဲနှင့်ပဲစဉ်းငုံသီးနှံများကို အဓိက စိုက်ပျိုးလျက်ရှိ ကြောင်း၊ မြေပဲစိုက်တောင်သူဦးရေမှာ ၆၀ ဦးခန့်ရှိပြီး စုစုပေါင်း ၄၀၀၀ ဧက နီးပါးခန့် စိုက်ပျိုးထားရှိ...
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၌ နွေနှမ်းများ စိုက်ပျိုးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၌ ကျောက်ဆည်မြို့နယ်၌ ၃၂၂၄၆ ဧက၊ စဉ့်ကိုင်မြို့နယ်၌ ၂၂၉၆၀ ဧက၊ မြစ်သားမြို့နယ်၌ ၃၄၄၂၉ ဧကဖြင့် စုစုပေါင်း ၈၉၆၃၅ ဧက စိုက်ပျိုးထားရှိကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီး ဌာန၏ စာရင်းများအရ သိရသည်။...
ကျောက်ဆည်ခရိုင်၌ သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကုန်စိမ်းသီးနှံတစ်မျိုးဖြစ်သော ခရမ်းသီး ကိုလည်း ရာသီမရွေး တစ်နှစ်ပတ်လုံး စိုက်ပျိုးလျက်ရှိကြောင်း၊ မျိုးအနေဖြင့် ခရမ်းသီးအလုံးသေး (မြှုပ်ခရမ်း) နှင့် အလုံးကြီးမျိုး (555) မျိုးတို့ကို အဓိက စိုက်ပျိုးကြကြောင်း သိရသည်။ ခရမ်းသီး...
မြင်းခြံခရိုင်ရှိ ဒေသခံတောင်သူများသည် ရာသီအလိုက် ပဲမျိုးစုံ၊ နှမ်း၊ ဝါနှင့် ကြက်သွန်တို့ကို အများဆုံး စိုက်ပျိုးပြီး၊ ဆောင်းပဲတီစိမ်းကို အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စတင်စိုက်ပျိုး၍ ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလတို့တွင် ရိတ်သိမ်းလေ့ရှိကြောင်း၊ ဆောင်းပဲတီစိမ်းကို မေလနှင့် ဇွန်လတို့တွင်...