အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု
စင်ကာပူရှိစာရင်းအင်းကဏ္ဍာအတွက် ထက်မြက်သူများကိုဆွဲဆောင်ထိန်းသိမ်းထားရေးမှာ အဓိကစိန်ခေါ် မှုဖြစ်နေ ကြောင်း ဘဏ္ဍာရေးနဲ့သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနပြန်နယ်ဝန်ကြီး မစ္စဂျိုးဇက်ဖင်တဲအိုက စင်ကာပူ ငွေစာရင်းအစည်း အဝေးမှာ နိုဝင်ဘာ ၅ ရက်က ပြောပါတယ်။ ကျွမ်းကျင်တဲ့ငွေစားရင်နဲ့ ဘဏ္ဍာရေးဆိုင်ရာ ပညာရှင်တွေကိုရရှိအောင် လူသစ်ခေါ် စုဆောင်းရာမှာ အခက်အခဲရှိ တယ်လို့
ပုံနှိပ်သတင်းစာဖြန့်ချိမှုက ၁ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းခဲ့ပေမဲ့ စင်ကာပူရှိအရွယ်ရောက်သူအများစု အတွက် ပုံနှိပ်သတင်း စာက အဓိကအားထားစရာဖြစ်နေပါသေးတယ်။ အသက် ၁၅ နှစ်နဲ့ အထက်ရှိ စင်ကာပူ မှာနေထိုင်သူ တွေကိုစစ်တမ်း ကောက်ယူရာမှာယခုလိုတွေ့ရှိရတာ ဖြစ်ပါတယ်။ စစ်တမ်းကို ၂၀၁၀ ပြည့်ဇူလိုင်မှ ၂၀၁၁ ခု ဇွန်လအတွင်းပြုလုပ်ခဲ့ တာဖြစ်ပါတယ်။
ကယ်တင်ရေးစည်းကမ်းချက်များကိုလျှော့ချရန် တိုက်တွန်းမှုများရှိလာပြီးနောက်ပိုင်း ကြွေးမြီကယ်တင်ငွေ အစီအစဉ်ကို ပြန်လည်သုံးသပ်ရန် ဥရောပသမဂ္ဂ (အီးယူ)၊ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ် အက်ဖ်) နဲ့ ဥရောပ ဗဟိုဘဏ်မှအရာရှိတွေ ပေါ်တူဂီနိုင်ငံကိုနိုဝင်ဘာ ၇ ရက်နေ့က ရောက်ရှိလာပါတယ်။ ယခုအချိန် ထိဆောင်ရွက်ပြီး လုပ်ငန်းများကို အကဲအဖြတ်ဖို့နဲ့ လာမဲ့သုံးလပတ်တွေအတွက်
ကိုရီးယားနိုင်ငံမှာ အင်တာနက်လုပ်ငန်းတွေထူထောင်ရာမှ အားပေးကူညီဖို့နဲ့ ကမ္ဘာမှာလူသိအများဆုံး Search Engine ဖြစ်တဲ့ ယူကျုမှာ K-pop သီးသန့်ချန်နယ်ကိုဆောင်ရွက်ဖို့ ဂူးဂဲဥက္ကဌ အီရစ်ရှမစ်က ကတိပြုခဲ့ ပါတယ်။ ဂူးဂဲအမှုဆောင် ဘုတ်အဖွဲ့ဥက္ကဌအဖြစ် ဆောင်ရွက်နေတဲ့ ရှမစ်က နိုဝင်ဘာ ၇ ရက်နေ့က တောင်ကိုရီးယား သမ္မတလီမြောင်ဘက်နဲ့ တွေ့ဆုံပြီးနောက် ယခုလိုကတိပြုခဲ့တာဖြစ်တယ်လို့
အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ အကြီးအကဲခရစ်စတင်းလာဂတ်က တရုတ်နိုင်ငံကို နိုဝင်ဘာ ၉ ရက်နေ့မှာ သွားရောက်ပြီး ယူရိုဇုန်အကျပ်အတည်းနက်ရှိုင်းနေတဲ့ ကိစ္စကိုဆွေးနွေးပြီး ကယ်တင်မှုရန်ပုံငွေအတွက် တရုတ်နိုင်ငံ ဖြည့်ဆည်းနိုင်မဲ့ အခြေအနေကိုဆွေးနွေးမယ်လို့ ခန့်မှန်းရပါတယ်။
ကြော်ငြာလုပ်ငန်းမှာ ဂူးဂဲနဲ့ဖေ့ဘွတ်တို့ရဲ့ လွှမ်းမိုးမှုကတစစကြီးထွားနေပါတယ်။ ဒါကြောင့် ယာဟူး၊ မိုက်ကရိုဆော့ ကော်ပိုရေးရှင်းနဲ့ အေအိုင်အယ်လ်တို့က ကြော်ငြာလုပ်ငန်းမှာ ဖက်စပ်ပူးပေါင်းဆောင်ရွက်လာပါတယ်။ မဟာမိတ်အဖြစ ်ပူးပေါင်းမှုကို နိုဝင်ဘာ ၈ ရက်နေ့ကကြေညာခဲ့ပါတယ်။ ဒီပူးပေါင်းမှုအရ display ads လို့ခေါ်တဲ့ မရောင်းရသေးတဲ့ပရီမီယံ ကြော်ငြာလက်ကျန်တွေကို လာမဲ့နှစ်စောစောပိုင်းအချင်းချင်း ပြန်လည်ရောင်းချဖို့ ဖြစ်ပါတယ်။
ဂျီ-၂၀ ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ ၄ ရက်က မပြေမလည်နဲ့ ပြီးဆုံးခဲ့ပါတယ်။ အစည်းအဝေးမှာ ဥရောပကြွေးမြီ အကျပ်အတည်း သက်သာအောင်ဆောင်ရွက်ဖို့ ပြင်ပမှနောက်ထပ်ငွေကြေးမရခဲ့သည့်အပြင် ဂရိနိုင်ငံကိုကြွေးမြီအကျပ် အတည်းမှ လွတ်မြောက်စေမဲ့အစီအစဉ်ကို အီတလီကိစ္စကလွှမ်းမိုးခဲ့ပါတယ်။
ဝယ်လိုအားကောင်းပြီး လက်ကျန်စားအုန်းဆီပမာဏ ကျဆင်းမှုကြောင့် မလေးရှား စားအုန်းဆီကြမ်းဈေး ၃ လ အတွင်း အမြင့်ဆုံးကို မြင့်တက်ခဲ့ပါတယ်။ လာမယ့်လများမှာ စားအုန်းဆီအထွက်လျော့ကျဖွယ် ရှိတာကြောင့်လည်း ဈေးအတက် ဘက် ဦးတည်လာတာဖြစ်ပါတယ်။ ဘာစာမလေးရှားကုန်စည်ဒိုင်မှာ ဇန်နဝါရီလအခြေခံစံနှုန်းကြိုပွိုင့်ဈေးဟာ သြဂုတ်လ ၃ ရက်နောက်ပိုင်း အမြင့်ဆုံးဖြစ်တဲ့ တစ်တန် ရင်းဂစ် ၃၁၃၀ (ကန်ဒေါ် လာ ၉၉၄) ကို မြင့်တက်ခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ရေလွှမ်းမိုးမှုတွေဖြစ်ပေါ်ခဲ့တာကြောင့် ယခုနှစ်ရဲ့နောက်ပိုင်း(၃) လအတွင်းစက်ယန္တရားနဲ့ မော်တော်ကားထုတ်လုပ်မှုတွေ ကျဆင်းသွားနိုင်တယ်လို့ ထိုင်းနိုင်ငံစက်မှုလုပ်ငန်းဆိုင်ရာ လွှတ်တော်အဖွဲ့ရဲ့ စက်မှုယန္တရားအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ နိုင်ဆူရဖုံးဖိုက်ဆစ်ဖတ်ထနဖုံးက ပြောကြားခဲ့ပါတယ်။ စက်မှုလုပ်ငန်း များအဖွဲ့မှ မော်တော်ကားထုတ်လုပ်မှု ၃ ဒသမ ၉ ရာခိုင်နှုန်းခန့် လျော့နည်း သွားတယ်လို့ ခန့်မှန်း ခဲ့ကြပေမယ့် မော်တော်ဆိုင်ကယ်ထုတ်လုပ်တဲ့ လုပ်ငန်းတွေ မှာတော့ ထိခိုက်မှုမရှိဘဲ ပထမ (၉) လမှာ ဆိုင်ကယ်အပိုပစ္စည်းများထုတ်လုပ်မှုကနေ ဘတ်သန်းပေါင်း (၄ ဒသမ ၇၁) သိန်းခန့် ဝင်ငွေရရှိခဲ့ ပါတယ်။ အောက်တို ဘာလမှ ဒီဇင်ဘာလအတွင်း ကားစီးရေ (၄၅၆၁၄၁) ခန့်သာ ထုတ်လုပ်နိုင်မှာဖြစ်ကြောင်းနဲ့ ဇူလိုင်လမှ စက်တင်ဘာလအထိ ထုတ်လုပ်မှုမှာတော့ ၃ ဒသမ ၉ ရာခိုင်နှုန်းခန့် လျော့နည်းခဲ့တယ်လို့လွန်ခဲ့တဲ့နှစ်နောက်ဆုံး (၃) လ ထုတ်လုပ်မှုနဲ့ နှိုင်းယှဉ်ရင် ၁ ဒသမ ၈ ရာခိုင်နှုန်းသာ ပိုမိုထုတ် လုပ်နိုင်ခဲ့ပါ တယ်။မော်တော် ဆိုင်ကယ်ထုတ်လုပ်မှုမှာတော့ အောက်တိုဘာလအထိ (၆၂၇၆၈၁) စီး ထုတ်လုပ်နိုင်ခဲ့လို့ ဇူလိုင်လမှ စက်တင်ဘာလအထိ ထုတ်လုပ်တဲ့စီးရေ (၆၂၄၄၆၉) ထက် ပိုမိုခဲ့ကာ ၀ ဒသမ ၅၁ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ထိုင်းနိုင်ငံဟာ လွန်ခဲ့တဲ့စက်တင်ဘာလမှာ ကားစီးရေ (၁၇၄၂၁၂) ထုတ်လုပ်နိုင်ခဲ့တာကြောင့်နှစ် ၅၀ ကာ လအတွင်း ထုတ်လုပ်မှုအမြင်ဆုံးစံချိန်တင်ခဲ့ကြောင်းနဲ့ နိုင်ငံအတွင်း အသုံးပြုဖို့နဲ့ ပြည်ပတင်ပို့ဖို့ ဇန်နဝါရီလ မှ စက်တင်ဘာလအထိ (၉) လအတွင်းမှာ မော်တော် ကား (၁၂၈၅၂၃၃) စီးနဲ့ မော်တော်ဆိုင်ကယ်စီးရေ (၂၄၉၉၁၀၂) ထုတ်လုပ်ခဲ့ပြီးဖြစ်တယ်လို့ နိုင်ဆူရဖုံးဖိုက်ဆစ်ဖတ်ထနဖုံးက ပြောကြားခဲ့တယ်လို့ သိရပါတယ်။
Source: ပလယ်ချာချပ်သတင်းစာ
နကသ (မြဝတီ) MIRT
စတုတ္ထ ၃ လအတွင်း သကြားဈေးကြီးမြင့်ခဲ့ရင် တရုတ်အစိုးရ အရံသိုလှောင် သကြားများ ထုတ်ရောင်း ပေးမယ်လို့ အစိုးရအရာရှိတစ်ဦးက နိုဝင်ဘာလ ၁ ရက် နေ့မှာ ပြောကြားပါတယ်။ အစိုးရအနေနဲ့ သကြားဈေးနှုန်း ကျဆင်းမှာမလိုလားပေမယ့် ဈေးအမြောက်အများ တက်မှာကိုလည်း မလိုလားဘူးလို့ စီးပွားရေး နဲ့ ကုန်သွယ်မှု ဌာန ညွှန်ကြားရေးမှူးချုပ် Liu Xiaona က ပြောကြားပါတယ်။ယခင်နှစ် အောက်တိုဘာလမှာစတင်တဲ့ ၂၀၁၀-၁၁ သကြားကြိတ်ခွဲရာသီအတွင်း ပြည်တွင်းဈေးနှုန်းဟာ တတိယ ၃ လပတ်အတွင်း သမိုင်းတင်နီးပါးမြင့်တက်လာခြင်းကို ထိန်းချုပ်ဖို့ တန်ချိန် ၁ ဒသမ ၈၈ သန်းရောင်းချ ပေးခဲ့ပါတယ်။ Zhengz hou ကုန်စည်ဒိုင်မှာ ၂၀၁၂ မေလ သကြားကြိုပွိုင့်အခြေခံဈေးဟာ တစ်တန်ကို ၅ ယွမ် လျော့ကျပြီး ယွမ် ၆၇၀၈ (ကန်ဒေါ်လာ ၁၀၅၆)နဲ့ အရောင်း အ ဝယ်ဖြစ် ခဲ့ပါတယ်။၂၀၁၁-၁၂ ကြိတ်ခွဲရာသီ သကြားရောင်းချမှုဟာ ကမ္ဘာ့သကြားထွက်ရှိမှုအပေါ် မူတည်ရောင်းဝယ်သွားဖွယ် ရှိတယ်လို့ Liu ကဆိုပါတယ်။ တရုတ် နိုင်ငံဟာ ပြည်တွင်းသကြား ပြတ်လတ်မှုကို ဖြည့်ဆည်းဖို့နဲ့ အစိုးရအရံ သိုလှောင်မှုကို ပြည့်မီစေဖို့ မကြာသေးခင်နှစ်များအတွင်း သကြားတင်သွင်းမှု မြင့်တက်ခဲ့ ပါတယ်။ ယခုနှစ် ပထမ ၉ လအတွင်း တန်ချိန် ၁ ဒသမ ၆၇ သန်း တင်သွင်းခဲ့ပြီးဖြစ်လို့ ယခင်တစ်နှစ်ထက် ၂၂ ရာခိုင်နှုန်း ပိုမိုတင်သွင်းခဲ့ တယ်လို့ သိရပါတယ်။
ယမင်းခင်
Source: Reuters