စလင်းမြို့နယ်၊ ငလင်ပန်းကျေးရွာ၌ ခရမ်းကြွပ်သီးနှံ စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ

Wed, 09/18/2024 - 04:55 -- mocadmin

   မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ငလင်ပန်းကျေးရွာတွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သည့် ခရမ်းကြွပ်သီးနှံကို မြေအောက်ရေတင်စနစ်ဖြင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးလျက်ရှိပြီး ယခုအချိန်တွင် ၁၀ ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

   မျိုးအနေဖြင့် နှင်းဆီတံဆိပ် ခရမ်းကြွပ်မျိုးစေ့များ စိုက်ပျိုးပြီး တစ်ဧကလျှင် မျိုးစေ့ ၂ ထုပ် ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာ၌ မျိုးစေ့ကို ပျိုးထောင်၍ ပျိုးပင်သက်တမ်း ၃၀ ရက်သားအရွယ် တွင် နှစ်ပေအကျယ်ရှိ စိုက်ဘောင်တွင် အတန်းလိုက် စိုက်ပျိုးရကြောင်း၊ ဇူလိုင်လတွင် စတင်စိုက် ပျိုးပြီး စက်တင်ဘာလဆန်းတွင် ခရမ်းကြွပ်သီးများ လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်း၊ စိုက်ပျိုး ထုတ်လုပ်မှုအတွက် မျိုး၊ သွင်းအားစုနှင့် လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ် ၂၀ သိန်းခန့် ကုန်ကျပြီး တစ်ဧကလျှင် ပိဿာချိန် ၂၀၀၀ ခန့်ထွက်ရှိကြောင်း၊ ဈေးနှုန်းဈေးကွက်အနေဖြင့် စက်တင်ဘာလ၊ ဒုတိယပတ်တွင် ခရမ်းကြွပ်သီးတစ်ပိဿာလျှင် လက်ကားဈေး ငွေကျပ် ၂၅၀၀ ဖြင့် ကုန်စိမ်းပွဲစားများမှ စိုက်ခင်းအရောက် လာရောက်ဝယ်ယူကြပြီး ပွဲစားများမှတစ်ဆင့် စလင်းမြို့ပေါ်ရှိ ကုန်စိမ်းပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၃၀ သိန်းခန့်ရရှိရာ ယခုနှစ်တွင် ခရမ်းကြွပ်သီးဈေး ပိုမိုကောင်းမွန်သောကြောင့် တောင်သူများ အကျိုးအမြတ်ပိုမိုရရှိ ကြောင်း တောင်သူတစ်ဦးထံမှ သိရှိရသည်။

DOCA (မကွေး)

Local Trade News

Pages