မြန်မာ-အိန္ဒိယ နယ်စပ်စခန်းများမှ ကွမ်းသီးတင်ပို့မှုကျဆင်း

Thu, 05/31/2018 - 09:44 -- admin_ygn

မြန်မာ-အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ မေ ၁၂ ရက်မှ ၁၈ ရက်ထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၇၃ သန်း တန်ဖိုးရှိ ကွမ်းသီး ၁၄၇၅ တန် တင်ပို့ခဲ့ပါတယ်။ ယခင်တစ် ပတ်က တန် ၂၀၀၀တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၅၂၅ တန်  လျော့နည်းတင်ပို့ခဲ့တယ်လို့ သိရပါ တယ်။ တင်ပို့မှုကိုကြည့်ပါက ရိဒ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ  သုည ဒသမ ၁၅၀ သန်း တန်ဖိုးရှိ ကွမ်းသီး ၁၁၈ တန်၊ တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၂၃ သန်းတန်ဖိုး ရှိ ကွမ်းသီး ၁၃၅၇ တန်ကို တင်ပို့ခဲ့တယ်လို့ သိရပါတယ်။                                                        

  မျိုးဇော်

Border Trade News

Pages