နယ်စပ်စခန်းများမှာ သစ်သီးဝလံအပို့ရော အသွင်းပါရှိ

Fri, 12/05/2014 - 11:30 -- admin_ygn

   နိုဝင်ဘာလ ၁ ရက်မှ ၂၀ ရက် အတွင်း   မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်   ကုန်သွယ်ရေး ဇုန်မှ  ကန်ဒေါ်လာ  ၄ ဒသမ ၀၈၅ သန်း တန်ဖိုးရှိ ဖရဲသီး ၃၁၉၁၀ တန်ခွဲ၊ ကန်ဒေါ်လာ သုည ဒသမ ၅၅၂ သန်းတန်ဖိုးရှိ သခွားမွှေး ၂၇၀၆ တန်နဲ့ လွယ်ဂျယ်နယ်စပ်စခန်းမှ ကန်ဒေါ်လာ သုည  ဒသမ ၀၀၇ သန်း တန်ဖိုးရှိ ဖရဲသီး ၅၄ တန်တို့ကိုတင်ပို့နိုင် ခဲ့ပါတယ်။ မူဆယ် နယ်စပ်စခန်းမှ ဖရဲ၊ သခွားအပြင် ကန် ဒေါ်လာ ၇၅၀ တန်ဖိုးရှိတဲ့ အုန်းသီး ၅ တန်ကိုလည်း တင်ပို့ခဲ့တာတွေ့ရပါတယ်။ သစ်သီးဝလံတင်ပို့မှုများ ရှိသလို ကန်ဒေါ်လာ ၂ ဒသမ ၆၃၉ သန်း တန်ဖိုးရှိ ပန်းသီး၊ စပျစ်သီး၊ လိမ္မော်သီးနဲ့ ပန်းသစ် တော်သီး ၆၃၁၆ တန်ခွဲကို နိုဝင်ဘာလ ၁ ရက်မှ ၂၀ ရက် အတွင်း မူဆယ်မှ တင်သွင်းခဲ့သလို ကန်ပိုက်တီးစခန်းမှလည်း ကန်ဒေါ်လာ ၉၄၄၃ တန်ဖိုးရှိ ပန်းသီး ၂၁ တန် နဲ့ ကန်ဒေါ်လာ ၅၂၄၈ တန်ဖိုးရှိ လိမ္မော်သီး ၁၅ တန်တို့ကို တင်သွင်းနိုင်ခဲ့တာတွေ့ရပါတယ်။

မော်မော်အောင် MIRT (DCCA)

 

Border Trade News

Pages