ကသာခရိုင်က ဆန်စပါးစိုက်ပျိုး မှုများတဲ့ ဒေသဖြစ်တဲ့အတွက် ဒီလုပ် ငန်းကို အမှီပြုကာ  စပါးခြွေလှေ့စက် ထုတ်လုပ်တဲ့ ဒေသတွင်းစက်မှုလုပ်ငန်း များ တည်ထောင်ခဲ့ကြပြီး  ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ လည်း ရရှိခဲ့ကြပါတယ်။ ကသာခရိုင်အတွင်း မှာ စပါးခြွေလှေ့စက်၊ စက်ရုံ ၁၆ရုံရှိပြီး စပါးေခြွေလှေ့စက် ၁၈၁၇ လုံးရှိတယ် လို့ စီမံကိန်းစာရင်းများအရသိရပါ တယ်။ ယခုစက်မှုလယ်ယာပြောင်းလဲမှု နဲ့ စပါးခြွေလှေ့စက်ထက် ပိုမိုအဆင် ပြေတဲ့ ရိတ်သိမ်းခြွေလှေ့စက်  Combine Harvester  ပြောင်းလဲသုံးစွဲလာ တဲ့အတွက် ရိုးရိုးခြွေလှေ့စက် လုပ်ငန်း ရှင်များ အရောင်းအဝယ်ပါးတယ်လို့ ခြွေလှေ့စက်လုပ်ငန်းရှင်များထံမှ သိရ ပါတယ်။
         " စပါးခြွေလှေ့စက်လုပ်ငန်းကို ၂၀၁၀ ခုနှစ်ကစတင်တည်ထောင်လုပ် ကိုင်ခဲ့ပါတယ်။ စက်ပါဝါအလိုက် အရစ်ကျ၊ လက်ငင်းငွေချေ၊ ကြိုတင်မှာ ဝယ်စနစ်များနဲ့ ထုတ်လုပ်ရောင်းချခဲ့ပါ တယ်။ ယခင်နှစ်ကဒီအချိန်မှာ ရှစ် လုံး ရောင်းရပေမယ့် ဒီနှစ်စ ဘက်သုံးလုံးသာ ရောင်းရပါတယ်။  ကသာခရိုင်အတွင်း မှာ ခြွေလှေ့စက်အရောင်းအဝယ်ပါး သွားပါပြီ။ မိုးညှင်းနဲ့ ဗန်းမော်မှာသာ ဝယ်လက်  အနည်းငယ်ရှိပါတယ်။ တောင်သူအများစုက ရိတ်ခြွေ အိတ်ထဲ ရောက်တဲ့  Combine Harvester  စက် ကြီးများကို အားထားအသုံးပြုနေကြပြီ ဖြစ်ပါတယ်။ အင်းတော်မြို့နယ်အတွင်း မှာ  Combine Harvester  စက်လတ် သုံးလုံးရှိနေတယ်"လို့ ဝင်းခြွေလှေ့စက် လုပ်ငန်းရှင် ဦး၀ င်းမောင်ကဆိုပါတယ်။
ကြည်နိုင်ဦး(အင်းတော်)

