ရော်ဘာတင်သွင်းခွန် တိုးမြှင့်ကောက်ခံမှုမပြုသေးကြောင်း အိန္ဒိယအစိုးရ မှ ထုတ်ပြန်လိုက်ခြင်းကြောင့် ပြည်တွင်း တာယာထုတ်လုပ်သူများ သက်သာရာရစေတယ်လို့  Internet သတင်းမှာဖော်ပြထားပါတယ်။ သဘာ၀ ရော်ဘာတင်သွင်းခွန်ကောက်ခံမှုနှုန်းထားအား လက်ရှိအတိုင်းပဲ ဆက်လက်သက်မှတ်ပေးရန် တာယာထုတ်လုပ် သူများက ဘဏ္ဍာရေးဝန်ကြီး ံH.E .P  Chidanbaram အား တိုက်တွန်းတောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလလယ်နဲ့ ဇန်နဝါရီလ အစောပိုင်းများမှာ ရော်ဘာ သွင်းကုန်ခွန်တိုးမြှင့်ခြင်းမပြုရန် တောင်းဆိုမှုများ ပိုမိုကျယ်လောင်လာပြီး အခွန်နှုန်းတိုးမြှင့်ရန် ဘဏ္ဍာရေးဝန်ကြီးရဲ့ စဉ်းစားနေမှုအား ဖိအားပေး စေလျက်ရှိပါတယ်။ အစိုးရအနေနဲ့လည်း စိုက်ပျိုးထုတ်လုပ်သူများနဲ့ တာယာထုတ်လုပ်သူများအကြား အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး အခြေအနေအရပ်ရပ်ကို လေ့လာသုံးသပ်ပြီးနောက် သွင်းကုန်ခွန်တိုးမြှင့် စည်းကြပ်ခြင်းမပြုရန် ဆုံးဖြတ်လိုက်ပြီဖြစ်ရာ တာယာထုတ်လုပ်သူများ အသင်းအနေနဲ့အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံကြိုဆို လိုက်တယ်လို့ သိရှိရပါတယ်။
	Source:Business Time                                                         
	CMK

