သြစတြေးလျနိုင်ငံမှ နွားအရှင်များကို ကမ္ဘောဒီးယားက ပထမဆုံးအကြိမ် တင်သွင်း

Wed, 06/29/2016 - 03:27 -- admin_ygn

         ကမ္ဘောဒီးယားနိုင်ငံက နွားအရှင် ၃၀၀၀ ခန့်ကို ပထမဆုံးအကြိမ်အဖြစ် သြစတြေးလျနိုင်ငံမှ တင်သွင်းထား ရာ ဇွန်လ တတိယပတ် သောကြာနေ့မှာ ကမ္ဘောဒီးယားနိုင်ငံ အနောက်တောင်ပိုင်းရှိ Sihanoukville ဆိပ်ကမ်း သို့  ဆိုက် ရောက်ခဲ့တယ်လို့ kyodo သတင်းမှာဖော်ပြထားပါတယ်။
         Brahmanအမျိုးအစား နွား ၂၇၆၆ ကောင်ကို သြစတြေးလျမှ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း ပြောပါတယ်။  SLN အသားထုတ်လုပ်ရေးကုမ္ပဏီမှ  တာဝန်ရှိသူတစ်ဦးက  SLN က သားသတ်ရုံများ  အခြေခံအဆောက်အအုံ များ ေ ဆာက်လုပ်ခြင်းအတွက်  ကန်ဒေါ်လာသန်း ၅၀ ခန့် ရင်းနှီးမြှုပ်နှံထားကြောင်း ၊အမဲသားများကို  ပြည်တွင်းစားသုံးရန်အတွက် သာမက တရုတ်၊ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံများသို့ပါ တင်ပို့သွားရန်အတွက် သြစတြေးလျမှ နွားများ တင် သွင်းခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။

 

CMK

International Trade News

Pages