ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးကျင်းပ

Mon, 03/16/2020 - 06:52 -- admin_ygn

ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ-ထိုင်း နှစ်နိုင်ငံပူးတွဲ လုပ်ငန်းအဖွဲ့အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဖေဖော်ဝါရီ ၂၁ ရက်က ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်း အမြန်ဆုံး စတင်နိုင်ရေးနှင့် ထားဝယ်အထူးစီးပွားရေးဇုန်မှ မြန်မာ-ထိုင်း နယ်စပ်ထီးခီးသို့ ဖောက်လုပ်မည့် နှစ်လမ်းသွားကားလမ်းကိစ္စရပ်များအား ဆွေးနွေး ခဲ့သည်။

 

အစည်းအဝေးတွင် မြန်မာဘက်မှ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်ဦးအောင်စိုးနှင့် ထိုင်းနိုင်ငံမှ Mr. DanuchaPichayanan, Deputy Secretary General of the National Economic and Social Development Council (NESDC) တို့မှ ပူးတွဲ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ခဲ့ပါ သည်။ အစည်းအဝေးသို့ မြန်မာဘက်မှ ကိုယ်စားလှယ်များအဖြစ် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီး ဦးမျိုးမြင့်သန်း၊ DSEZ MC ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြင့်ဆန်း၊ အတွင် းရေးမှူး ဒေါက်တာ တင်ထူးနိုင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဦးဟန်၊ ညွှန်ကြားရေးမှူး ဦးနေဆန်း၊ ပြည် ထောင်စုရှေ့နေချုပ်ရုံး ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးကျော်ကျော်နိုင်၊ ဆောက်လုပ်ရေးဝန်ကြီး ဌာန အင်ဂျင်နီယာချုပ် ဦးအောင်မျိုးဦး၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာအိအိမျိုး၊ ဗန်ကောက် မြို့၊ မြန်မာသံရုံးမှ စီးပွားရေးသံမှူး ဦးလွင်မျိုးဇော် နှင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော် မတီရုံးမှ ဦးနေလင်းတို့ တက်ရောက်ခဲ့သည်။အဆိုပါအစည်းအဝေးပြီးနောက် ထားဝယ် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ-ထိုင်း-ဂျပန် (၃) နိုင်ငံတွဲဖက် အတွင်းရေး မှူးအဆင့် ပူးတွဲလုပ်ငန်းအဖွဲ့ အလွတ်သဘော အစည်းအဝေးအား ဆက်လက်ကျင်းပခဲ့သည်။

 

လွင်မျိုးဇော်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ဗန်ကောက်မြို့

International Trade News

Pages