မြန်မာ-အိန္ဒိယနယ်စပ်မှ ကွမ်းသီး တန် ၅၀ဝ ကျော်တင်ပို့

Thu, 12/08/2016 - 08:55 -- admin_ygn

         မြန်မာ-အိန္ဒိယရှိ တမူးကုန်သွယ်ရေးစခန်းနဲ့  ရိဒ်ကုန်သွယ်ရေးစခန်းများမှ အိန္ဒိယနိုင်ငံသို့ နိုဝင်ဘာ ၁၉ ရက်မှ ၂၅ ရက်အထိ သီတင်းပတ်တွင် အမေရိကန် ဒေါ်လာ သုည ဒသမ ၄၇၃ သန်းတန်ဖိုးရှိ ကွမ်းသီး ၅၄၄ တန်ခန့် ကို  တင်ပို့ခဲ့ပါ တယ်။ ယခင်တစ်ပတ်က ရိဒ်နယ်စပ်တစ်ခုတည်းမှသာ ၅၉၁ တန် တင်ပို့ခဲ့တဲ့ အတွက် ယခုတစ်ပတ်နဲ့ နှိုင်းယှဉ်ရင် ၄၇ တန် လျော့နည်းပိုမိုတင်ပို့နိုင်တယ်လို့ သိရပါတယ်။ ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကွမ်းသီး အပြင် စီးကရက်၊ မုန့်မျိုးစုံ၊ ဆေး ကြေမှုန့်၊ ဆေးရိုး၊ စောင်၊ မဝတ်တီရှပ်၊ မစီးဖိနပ်တို့ကို အမေရိကန်ဒေါ်လာ သုည ဒသမ ၁၅၆ သန်းခန့် တင်ပို့ခဲ့ပြီး၊ အိန္ဒိယငွေကြေးပြဿနာပြန်လည် တည်ငြိမ်စပြု လာပြီဖြစ်တဲ့အတွက် တမူးနယ်စပ် ကုန်သွယ်ရေးစခန်းမှ နန်းဖာလုံ ကုန်စုံကို အမေ ရိကန်ဒေါ်လာ သုည ဒသမ ဝ၃၂ သန်းခန့်ကို တင်ပို့နိုင်တယ်လို့ သတင်းရရှိပါတယ်။

 

ခင်မိုးသူ

Border Trade News

Pages