တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်/သွင်းကုန်ကုန်သွယ်နိုင်မှု

Mon, 08/28/2023 - 05:31 -- DotBorderdep

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့

                 တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ၂၂-၈-၂၀၂၃ ရက်နေ့တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ရာဘာစေး တန်ချိန် (၅၀) တန်၊ တန်ဖိုး (၀.၀၄၀)ဒေါ်လာသန်း၊ပြောင်းတန်ချိန် (၇၇.၅) တန်၊ တန်ဖိုး (၀.၀၂၄) ဒေါ်လာ သန်း၊ ကတ်ထူစက္ကူအဟောင်းတန်ချိန် (၃၂) တန်၊ တန်ဖိုး (၀.၀၀၃)ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ ပါသည်။ ယခုရက်ပိုင်းတာချီလိတ်မြို့နယ်အတွင်းပြည်သူများအဓိကထားသုံးစွဲနေသည့် ထိုင်းနိုင်ငံသုံး ဘတ်ငွေနှင့် မြန်မာနိုင်ငံသုံးကျပ်ငွေတို့၏ တန်ဖိုးများအပြောင်းအလဲဖြစ်ပေါ်နေရာ ၂၃.၈.၂၀၂၃ ရက် တွင် ငွေလဲနှုန်းအနေဖြင့် ကျပ်(၁) သိန်းလျှင်  (၉၈၀) ဘတ် ဖြစ်ပေါ်ခဲ့သည်။

               တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၊ ၂၂-၈-၂၀၂၃ ရက်နေ့တွင် သွင်းကုန် (၀.၁၅၁)ဒေါ်လာသန်းတင်သွင်းနိုင်ခဲ့ပါသည်။ အဓိကတင်သွင်းသည့် သွင်းကုန်ပစ္စည်းများမှာ ဘိလပ်မြေ၊ စက်သုံးဆီနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများဖြစ်ပြီး ဘိလပ်မြေ (၈၅၆.၀၂) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၆၉) သန်း၊ Sodium Oxide (၆၀) တန်၊ တန်ဖိုး (၀.၀၁၈) ဒေါ်လာသန်း၊ မျက်နှာ ကျက်ပြား (၅၀.၂၄၀)တန်၊ တန်ဖိုး (၀.၀၁၂) ဒေါ်လာသန်း၊ ကွန်ကရစ်အမိုးပြား (၃၄.၉၈၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၈) ဒေါ်လာသန်း၊ကြွေပြား (၁၃၄၂) M2၊ တန်ဖိုး (၀.၀၀၆) ဒေါ်လာသန်း၊ မီးခံအုတ် (၃၀.၆၉၀) တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း၊ စားသောက်ကုန် (၁.၉၁၈) တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်း၊ ပလပ်စတစ်ဘူးခွံ(၁) တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊ အခြားပစ္စည်းကန်ဒေါ်လာ (၀.၀၃၀) သန်းတင်သွင်းခဲ့သည်။

Border Trade News

Pages