အင်တာနက်ရရှိသည့်မည်သည့်နေရာမှမဆို ပို့ကုန်သွင်းကုန်လိုင်စင်များ ကို လျှောက်ထားနိုင်သည့် Fully Online Licensing စနစ်ကို ဇွန်လ(၇) ရက်နေ့ မှ စတင်လျောက်ထားနိုင်တော့မည်

Mon, 06/06/2016 - 04:15 -- dotadmin

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် အင်တာနက်ရရှိ သည့်နေရာတိုင်းမှ ပို့ကုန်သွင်းကုန်လိုင်စင်များ ကို လျှောက် ထားနိုင်သည့် Fully Online Licensing စနစ်ကို ၂၀၁၆ ဇွန်လ (၇) ရက်နေ့မှ စတင်ပြီး ‪#‎အောက်ပါပို့ကုန်သွင်းကုန်‬ ကုန်ပစ္စည်းအမယ်များနှင့် စတင်လျောက် ထား နိုင်ပြီဖြစ်ပါသည်။ ‪#‎CMP‬ (အထည်ချုပ်)လိုင်စင်များ အတွက် ၂၀၁၆ ခုှနှစ် ဇူလိုင်လဆန်းတွင် စတင်ထုတ်ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်လျှက်ရှိပြီး ကျန် ကုန်ပစ္စည်းအမယ်များအား အဆင့်လိုက်တိုးမြှင့် ထုတ်ပေးသွားမည်ဖြစ် ပါ သည် ။

 

ပို့ကုန်သွင်းကုန် လိုင်စင်များအား ထုတ်ပေးရာမှာ ယခင်ကလုပ်ဆောင်ခဲ့တဲ့ Local Online စနစ်မှ Fully Online Licensing System သို့ ဇွန်လအတွင်းမှ စတင်၍ အဆင့်မြှင့်တင် လုပ်ဆောင်တော့မှာဖြစ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏ Website ဖြစ်သော www.myanmartrade.com.mm မှတဆင့် member ဝင်ထားသူများသည် အင်တာနက်ရရှိသည့် မည်သည့်နေရာမှမဆို လျှောက်ထားနိုင်တော့မည်ဖြစ် ပါသည်။

နောက်ဆုံးရသတင်းများ

Pages